အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆက်လက်ထိုးနှံ​

အလုံ   ​ဇွန် 

ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ဦးတည်အုပ်စုများအလိုက်ထိုးနှံခြင်းကို အလုံမြို့နယ်ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ   ယ​​နေ့တွင်  Phrase- 10 Second Dose ထိုးနှံသူ (၁၀)ဦး၊  Phrase-11 First Dose ထိုးနှံသူ (၁၂) ဦး၊  Boosterထိုးနှံသူ(၄၉) ဦး စုစု​ပေါင်း (၇၁) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ် ထိုးနှံပြီးသူ(၂၅၈၁၀)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ  (၂၄၈၂၉ ) ဦးနှင့် Booster ထိုးနှံပြီးသူ (၃၉၈၃)ဦး ရှိ​​ပြီဖြစ်ပြီးကြောင်း သတင်းရရှိသည်။

တင်တင်ချို