လပွတ္တာ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း လူမှုရေးပင်စင်ခံစားခွင့်ရှိသူ များအား ထောက်ပံ့ငွေပေးခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ရွှေနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လပွတ္တာခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုးကျော်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်မှ လုပ်ငန်းတစ်ရပ်ဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းခေါင်းစဉ်အောက်မှ လူမှုရေးပင်စင်ပေးအပ်ခြင်းဖြစ်ကြောင်း သက်ကြီးရွယ်အိုများအတွက် ဝင်ငွေလုံခြုံမှုတိုးတက်ကောင်းမွန်စေရန်ဖြစ်ပါကြောင်း၊ သက်ကြီး ရွယ်အိုများကို ပြုစုစောင့်ရှောက်သော မိသားစုများသည်လည်း ယင်းဝင်ငွေရရှိခြင်းကြောင့် သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသူ အဘိုး(၃၆၉)ဦး၊ အဘွား (၅၂၇)ဦး စုစုပေါင်း(၈၉၆)အား တစ်ဦးလျှင် ၃၀၀၀၀/-နှုန်းဖြင့် သိန်း(၂၆၈၈၀၀၀)ကျပ်အား မြို့ပေါ်နှင့် ကျေးရွာရှိ အဘိုး၊ အဘွား လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်