ဒဂုံမြောက် ဇွန် ၂
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အဆိုပါကျောင်း စပယ်ခန်းမ၌ ဇွန် ၁ ရက် နံနက်ပိုင်းက ကျင်းပရာ မိဘဆရာအသင်းအမှုဆောင်နာယက ဦးမြင့်စိုးက မိဘဆရာအသင်းအနေဖြင့် နှစ်စဉ်ကျောင်းကောင်းကျိုးများကို ကျောင်းအုပ်ဆရာမကြီး၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများမှ ဘဝနှင့်ရင်း၍ ဆောင်ရွက်ပေးနေကြောင်း၊ မိဘများမှ မိမိတို့သားသမီးများဘဝ ပညာရေးကို အလေးထားကြစေလိုကြောင်း၊ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်လှက ကျောင်းအပ်နှံရေး အခမ်အနား ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ကာယ၊ ဗလ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂနဲ့အညီ ဖွံ့ဖြိုးသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးပညာရေးပုံဖော်မှုအောင်မြင်နိုင်ရန်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မိဘဆရာ ကျောင်းသား ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ကျောင်းအပ်နှံရေး အခမ်းအနားသို့ မိဘဆရာ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ