ညောင်ဦး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က သုတ/ရသဖတ်စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သုတ/ရသစာအုပ်များ၊ ကဗျာစာအုပ်များ လာရောက်လှူဒါန်းရာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းယုမော်၊ စာကြည့်တိုက်မှူးဒေါ်ဇင်ယုခိုင်တို့မှ လက်ခံရယူသည်။ အဆိုပါစာအုပ်များအား ကဗျာ ဆရာမုံရွာသောင်းမြင့်သိန်း လာရောက်လှူဒါန်းခြင်းဖြစ်ပြီး စာအုပ်အမျိုးအစား (၄) မျိုး၊ စာအုပ်အရေအတွက် (၇၅) အုပ်၊နှင့် စာအုပ်တန်ဖိုး (၂၂၀၅၀၀)ကျပ်တန်ဘိုးရှိပြီး၊ အမျိုးအစားတူစာအုပ်များအား ကျောက်ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်များသို့ ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ပြောကြားသည်။
ကိုကြေးမုံ