မြောင်းမြ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင်အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေးရည်ရွယ်၍ ယမန်နေ့နံနက်က မြောင်းမြ ပညာရေးဒီဂရီကောလိပ်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာ ရောက် စာဖတ်သူလက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးခဲ့ ကြသည်။
စာပေကိုချစ်မြတ်နိုးပြီး စာပေနှင့်မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ မိမိတို့အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီကျောင်းပိတ် ရက်များတွင်ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်