ပြည်ကြီးတံခွန် ဇွန် ၂
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်က စတင်ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၅ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၂၄ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၀ ကျောင်းရှိပြီး ဇွန်လ၂ရက်နေ့မှာ ကျောင်းတွေအားလုံး စတင်ဖွင့်လှစ်တာဖြစ်ပါတယ်။ ကျောင်းများစတင်ဖွင်လှစ်တဲ့ ဒီနေ့မှာ ကျောင်းတိုင်းမှာ ကျောင်းသားကျောင်းသူတွေ အေးချမ်းပျော်ရွှင်စွာနဲ့ တက်ရောက်ပညာသင်ယူလျက်ရှိပြီး တာဝန်ရှိသူတွေကလည်း ကျောင်းတွေမှာလိုက်လံစစ်ဆေးကြည့်ရှုပြီး လိုအပ်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု မြို့နယ်ပညာရေးမှူးပြောပြ၍ သိရသည်။
ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ဖြစ်၍ ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ၎င်းတို့၏ သားသမီးကျောင်းသားကျောင်းသူများအား ကျောင်းများသို့ စောင့်ရှောက်လိုက်ပါ ပို့ဆောင်ပေးကြပြီး ကျောင်းတာဝန်ခံများ နွေးထွေးစွာကြိုဆိုပြီး စာသင်ခန်းများသို့ ပို့ဆောင်ပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)