ကော့ကရိတ်မြို့နယ်အ​ခြေခံပညာ​ကျောင်းများရှိအသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ​ကျောင်းသူ​ကျောင်းသားများကို ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေးထိုးနှံ​ပေး

​ကော့ကရိတ် ဇွန် ၃

ကရင်ပြည်နယ်​၊ ကော့ကရိတ်မြို့တွင်​ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းကို ယမန်နေ့မှ​စ၍ဆေးထိုးပေးလျက်ရှိရာ ယနေ့တွင် ဆေးထိုးစုရပ်စာသင်ကျောင်း(၈)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။

 ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင်​ ကျောင်းသား​ကျောင်းသူများကိုဆေးထိုးအဖွဲ့များမှကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိ ကြသည်။  

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာကျောင်း(၂၃၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း(၄) ကျောင်း စုစုပေါင်း(၂၄၀)ကျောင်းမှအသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား​ကျောင်းသူ(၂၄၀၀၀)​ကျော်ခန့်အား သတ်မှတ်ဆေးထိုးစုရပ်စာသင်ကျောင်းများတွင် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)