ဗန်းမော်မြို့တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး

ဗန်းမော် ဇွန် ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉ နာရီအချိန်က ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဗန်းမော်ရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသီသီခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များတို့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အသက်(၅)နှစ်မှ ၁၂ နှစ်အထိ KG တန်းမှ Gread-5 အထိ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို ကျောင်းသားမိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ရှိသူများတို့က ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)