ငွေဆောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး

ငွေဆောင် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့ နံနက်၉:၀၀ အချိန်မှ စတင်၍ ငွေဆောင်၊ အခြေခံပညာမူလတန်းကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးငယ်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်မှ ဉီးဆောင်၍ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကာ ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၊ .မ.က၁၂၇ ဇီးမှော်ကျောင်းနှင့် အ.မ.က၂၀၁ ကျောက်ကြီးကျောင်းတို့တွင် အသက်(၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သတင်းရရှိသည်။

အောင်တင် ( ငွေဆောင် ပြန် / ဆက်)