ဓနုဖြူ ဇွန် ၃
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က(ရုပ်တီ)ကျောင်းနှင့် အ.မ.က(လှေဆိပ်)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က(ရုပ်တီ) ကျောင်းနှင့် အ.မ.က(လှေဆိပ်)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူတို့အား ဓနုဖြူမြို့နယ် ကျန်းမာရေးဌာနမှ ဆရာ/ဆရာများက ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်သွားကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲဝင်များမှ လိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)