ကံမမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုအားပေး

ကံမ ဇွန် ၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်မှ စတင်၍ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။              

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယနေ့နံနက်က အမှတ်(၂)ရပ်ကွက်၊ မြို့မ အခြေခံပညာမူလတန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဌာနနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်အတွက် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)