အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ယမန်နေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ရန်ကင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား၊ ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေသယံဇာတ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုးမပြုန်းတီးရေးနှင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဒေးဒရဲ-ဖျာပုံ ကားလမ်းမရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 03,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများကို ယမန့်နေ့က အိမ်တိုင်ရာရောက်သွားရောက်၍
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ (၂)ရက်နေ့မှစ၍ ပျော်ရွှင်အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့နံနက် ၇ နာရီက စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသောဆောင်ပုဒ်နှင့်အညီ  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား  ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။