အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2026
ကျေးလက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖြစ်ထွန်းရေးအတွက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (မိုင်းသောက်) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၂) ရက် နံနက် (၉) နာရီက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 23,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Jun 23,2026
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲ အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မ - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက်၊ နံနက် ၇ နာရီခွဲက ဝမ်လုံး‌ကျေးရွာအုပ်စုရှိ နယ်မြေခံတပ်အတွင်း ပျိုးပင်ပေါင်း(၈၀၀)ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 23,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဈေးချိုမြောက်ရပ်ကွက် စည်ပင်ကန်တွင်ပြုလုပ်ခဲ့သည်။