အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးဝေခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ကာမိုင်းမြို့ပေါ်ရှိ စာသင်ကျောင်း(၃)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့သည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးတွင် ပြည်သူများအား ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ်ထိုးနှံပေးလျက် ရှိသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေး၊ အနောက်ဈေး၊ ယာယီပျံကျ ဈေးနှင့် ရွှေဘုံသာဘုရားလမ်းဆုံ ကားဂိတ်တို့ တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
Dec 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဒေသအဆင့်ရုံး(ပင်းတယ)မှ စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပုံပြောခြင်းနှင့် TaIk Show စသည့်အစီအစဉ်များအား Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက် Page တွင် အပတ်စဉ်ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိသည်။
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ကော်မတီများနှင့် မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီတို့ တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန် ဖွံဖြိုးရေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (CommunityCentre)၌ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသည်အတိုင်း ကျင်းပခဲ့သည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။