အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများ ယခုနှစ်ပဲပေါ်ချိန်တွင် ဈေးကောင်း ရရန်မျှော်လင့်လျက်ရှိကြောင်းသိရသည်။
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း အိမ်ယာဆောက်လုပ်ခြင်းအတွက် လိုအပ်လျက် ရှိသော အုတ်များကို  တစ်ပိုင်တစ်နိုင် အုတ်ဖိုလုပ်ငန်း ဆောင်ရွက်၍ မိသားစုစီးပွားရေးနှင့်ဒေသနေ အလုပ် သမားများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 17,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ စာကြည့်တိုက်လူထုအ ခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင် ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် အတူ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၆) မိုင် (၂)ဖာလုံ အနီးရှိ ဝါးကတုတ်ဆည်၌ ကျင်းပပြုလုပ်သည့် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနား တက်ရောက်ခဲ့သည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၇) ပြည်တော်သာရပ်ကွက်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိမှတ်ပြုကိုယ်အားကိုယ်ကိုး မူကြိုကျောင်း ဖွင့်လှစ်ထားရှိမှု အ‌ခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူ မိဘ ပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း(၈)နာရီ အချိန်က Hand Speaker ဖြင့် နှိုးဆော်ခဲ့ကြသည်။