ကာမိုင်း ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးဝေခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ကာမိုင်းမြို့ပေါ်ရှိ စာသင်ကျောင်း(၃)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ ကာမိုင်းမြို့ကြက်ခြေနီ အသင်းခွဲငယ်သို့ ထောက်ပံ့ပေးထာခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမ များကို ဆက်လက်ပေးဝေခြင်းဖြစ်ရာ Mask(၂၆၀၀)ခု၊ Hand Gel(၄)ဗူး၊ Face Shield(၂၀၀)ခု၊ လက်အိတ် (၂၀၀)ခုတို့ကို အထက-ကာမိုင်း၊ အထက(ခွဲ)မြို့မ-၂နှင့် မူလွန်-မြို့မ(၁)စသည့် ကျောင်းများသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာန၊ ကြက်ခြေနီ အသင်းခွဲငယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရပ်မိရပ်ဖတို့ပူးပေါင်းကာ သွားရောက်ပေးဝေခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)