အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ကော်မတီများနှင့် မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီတို့ တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန် ဖွံဖြိုးရေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (CommunityCentre)၌ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသည်အတိုင်း ကျင်းပခဲ့သည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 17,2021
ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉နာရီခွဲအချိန်က  “ဒို့ကျေးရွာဂျာနယ်”ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများ ဖြင့် ယနေ့နံနက်ပိုင်းအချိန်က ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့နံနက် (၉)နာရီအချိန် မှစ၍ ဆေးထိုးစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ အကျိုးဆောင် တောင်သူများအား စပါးသီးနှံများရိတ်သိမ်းရာသီကျရောက်ပြီဖြစ်၍ ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်း ကို ယမန်နေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရသည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်- ၁၉မျိုးကွဲဗီဇပြောင်းရောဂါ ပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အောင်သုခရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။