တွံတေး ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူများနှင့် ကျောင်းသား/သူများ အလွယ် တကူ ဖတ်ရှုလေ့လာနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
တွံတေးသား