လေးမျက်နှာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများပူးပေါင်းပြီး လဟာကြီးဆေး ပေးခန်းဆေးထိုးစုရပ်၊ ပိန်းအင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ ဝါးရုံချောင်းဆေးပေးခန်းဆေးထိုးစုရပ်၊ သိမ်ကုန်းဆေးပေးခန်းဆေးထိုးစုရပ်၊ အိုင်သပြုဆေးပေးခန်းဆေးထိုးစုရပ် စုစုပေါင်း ဆေးထိုးစုရပ်(၅)ခုတွင် ခန့်မှန်းဦးရေ (၃၀၀)ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသ ပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)