တွံတေး ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ကော်မတီများနှင့် မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီတို့ တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန် ဖွံဖြိုးရေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (CommunityCentre)၌ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသည်အတိုင်း ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက မြို့နယ်အတွင်းရှိသော စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး၊ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေး အလေးထားဆောင်ရွက်စေလိုကြောင်း စာကြည်တိုက်မှတ်ပုံတင် လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည်စည်းကမ်းချက်များနှင့် နည်းဥပဒေပါ ကောက်နုတ်ချက်များ စာကြည့်တိုက်မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ စာကြည့်တိုက် ရေရှည်တည်တံရေးနှင့် ခိုင်မာသော စာကြည့်တိုက်ကော်မတီတစ်ရပ် ပြန်လည်ဖွဲ့စည်းရေးနှင့် စာကြည့်တိုက်များ အောင်မြင် လာစေရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် ဒေါ်ဖြူဖြူဝင်းက စာအုပ်စာပေစု ဆောင်းရေး၊ စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှု လာစေရေး၊ ကျေးရွာပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော စာကြည်တိုက်ကော်မတီဝင်များက သိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရသည်။
တွံတေးသား