ပင်းတယ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဒေသအဆင့်ရုံး(ပင်းတယ)မှ စာအုပ် မိတ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပုံပြောခြင်းနှင့် TaIk Show စသည့်အစီအစဉ်များအား Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက် Page တွင် အပတ်စဉ်ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိသည်။
ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦး က ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသား ပြုစုသည့် "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသ စာစုများ" စာအုပ်မှ "တန်ဖိုးရှိတဲ့ လူ့ဘဝ"ခေါင်းစဉ်နှင့် ပတ်သက်၍ လူသားတို့၏ဘဝ ရှင်သန်ဖို့၊ လောင်းရိပ်မမိနေဖို့၊ မိမိကိုယ်ကို ဆန်းစစ်ဖို့လိုကြောင်း၊ မိမိတန်ဖိုးကို ကိုယ်တိုင်တန်ဖိုးထားပြီး လက်တွေ့အသုံးချနိုင်မှာလောကမှာ အဓိပ္ပာယ်ရှိတဲ့ လူ့ဘဝကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထိုမှသာတန်ဖိုးရှိတဲ့ လူ့ဘဝကိုရနိုင်မှာဖြစ်ကြောင်း စသည့်အကြောင်းအရာများပါရှိသည့် စာအုပ်ကိုမိတ်ဆက်ခြင်းအစီအစဉ်အား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွင့် တင်ဆက်ခဲ့သည်။
အဆိုပါ စာအုပ်တွင် အကြောင်းအရာပေါင်း (၆၀) ပါရှိပြီး၊ သုတ၊ ရသခံစားမှုကို အပြည့်အဝ ပေးသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)