Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မူဆယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်းများ ဒေသခံပြည်သူများ သိရှိနိုင်ရန် အသိပညာပေ…
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ အိုမီခရွန်(Omicron) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ Hand Speakerဖြင့် လှည့်လည်နှိုးဆော်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၅)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 17,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၆၆)ဦး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်ပ
Dec 17,2021
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ.လ.က (၈)တွင် စာစီစာကုံးပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူး ရုံးတွင် ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်း လမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ အသက် ၁၈ နှစ်အထက် ပြည်သူများအား (ပထမအကြိမ်/ ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံ ခြင်းအား ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်များကို လည်း ထုတ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပဉ္စမအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ ရ…
Dec 17,2021
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော(မွန်)ကျေးရွာ အတွင်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ်(ပထမအကြိမ်) ထိုးနှံပေးခြင်းကို ရေဖြူမြို့ နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော(မွန်)ကျေးရွာ၊ မူလတန်းကျောင်းခန်းမတွင် ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ
Dec 17,2021
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်များကို အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြ…
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက် ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦး တည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ် တွင် ပြသ…
Dec 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19568
Page
19569
Page
19570
Page
19571
Current page
19572
Page
19573
Page
19574
Page
19575
Page
19576
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department