နတ်မောက် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့်အိမ်ထောင်စု လူဦးရေ စာရင်းပြု လုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်ခန့်က ထုံးပေါက်ချိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ထုံးပေါက်ချိုင်းကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများကို ၃(က)ဖြင့် ပြုလုပ်သူ ကျား(၃၈)ဦး၊ မ(၄၆)ဦး၊ ၆(က)ဖြင့်ပြုလုပ်သူကျား(၅)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း (၁၀၄)ဦးအား ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ရန် ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
သင်းသင်းမြတ် (နတ်မောက်)