သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

သနပ်ပင် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထို့သို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန် ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက် များအားလိုက်နာရန်၊ ပြည်သူများမှလည်း  မလိုအပ်ပဲ အိမ်ပြင်ပသို့ မထွက်ရန်၊ အိမ်ပြင်ပသို့ ထွက်ပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊   တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍ စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး((၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးပါ စသည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)