သာယာဝတီမြို့တွင် သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းနှင့် မြေစိုက်ဘုတ်တွင် ဗီနိုင်းပိုစတာပြသ

သာယာဝတီ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် မြေစိုက်နံရံကပ် ပြဘုတ်တွင် ဗီနိုင်းပိုစတာပြသထားခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သာယာဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် ရှေ့ရှိမြေစိုက် နံရံကပ်ပြဘုတ်တွင် “သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့”၊ “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” စာသားများ ပါဝင်သည့် ဗီနိုင်းပိုစတာ ပြသခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးပါက ကျန်းမာပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှာ ဖြစ်တဲ့အပြင် ပြည်သူ လူထုအတွင်းမှာလည်း ကာကွယ်ဆေး လွမ်းခြုံမှု မြင့်မားလာပြီး ရောဂါဖြစ်ပွားမှု စသည့်စာသားများ ပါဝင်သည့် လက်ကမ်း စာစောင်များကို လူစည်ကားရာကားဂိတ်တွင် ပြည်သူ များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်