Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘုရားသုံးဆူမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမအတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိ စေရေး အသိပေးနှိုးဆော်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းအသက် ၁၈နှစ်နှင့် အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင် ရန်နှင့်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက်၁၈နှစ်အထက် ပြည်သူများ ကာကွယ်ဆေးထိုး နှံမှုကျန်ရှိမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကိုအရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅နာရီ အချိန်ကမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီး သတ်ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် လက်ပနွယ် ကျေးရွာများ သို့သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့်အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ဘုရားကြီးလမ်းနှင့် မြို့မဈေး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် "မေတ္တာရွှေလက်" အဝစားငါးရာကျပ်တန် ထမင်းဆိုင်ထပ်မံဖွင့်လှစ်
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အရှေ့ပိုင်း မြသိန်းတန်ရပ်ကွက် ကံလှကျောင်းတိုက် ဆရာတော်နှင့် ဆရာတော်များဦးဆောင်လှူဒါန်းပြီး အလှူရှင်များ၏ မတည်လှူဒါန်းငွေများဖြင့် မေတ္တာရွှေလက် အဝစားငါးရာကျပ်တန် ထမင်းဆိုင်ကို (၁၆.၁၂.၂၀၂၁)ရက်နေ့နှင့် ယနေ့တွင်လည်း နံနက်(၁၀)နာရီမှ နေ့လည်(၁) နာရီအတွင်း စတင်ရောင်းချပေးခဲ့ပါသည်။ စီးပွားရေးအဆင်မပြေ၍ အခက်အခဲရှိသော နွမ်းပါးမိသားစုများအတွက် အဟာရအဖြစ်စားသုံးနိုင်ရန် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးကြော်နှပ်ဟင်း၊ ဘဲဥချဉ်ရည်၊ အသီးအရွက်ကြော်၊ သီးစုံအရည်သောက်ဟင်း၊ ငပိရည်ဖျော်၊ တို့စရာအစုံတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး စားသောက်ပြီးပါကလည်း အချိုပွဲအဖြစ် အအေးတစ်ဗူးစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခန့်က စာရေးဆရာပီတိ(ပေကြီး) ၏ “ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ အခြေခံသိစရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြေစိုက်နံရံကပ်ပြ…
Dec 17,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိ ပညာပေး နံရံကပ်စာစောင်ဖြင့် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်အတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများအား ကွင်းဆင်းစစ်ဆေး
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများလူနေမှုအဆင့်မြင့်မားစေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် လူငယ်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club အဖွဲ့၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကို ယနေ့ နေ့လယ် (၁၂ )နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19554
Page
19555
Page
19556
Page
19557
Current page
19558
Page
19559
Page
19560
Page
19561
Page
19562
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department