တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ကိုဗစ်လူနာ(၁)ဦးဆေးရုံမှဆင်း၊မြို့နယ်အတွင်းကိုဗစ်-၁၉လူနာကင်းစင်နေပြီဖြစ်

တနင်္သာရီ ဒီဇင်ဘာလ ၁၇

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတ သံဃဆေးရုံ Positive Centre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အသွားအလာကန့်သတ်၍ နောက်ဆုံးဆေးဝါးကုသမှုခံယူနေသည့် သာရဘွင်ကျေးရွာမှ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကျန်းမာရေးပြန်လည်သက်သာလာပြီဖြစ်၍ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ကတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်း ခွင့်ပြုလက်မှတ်ထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး မိမိနေအိမ်တွင် Home Quarantine အဖြစ်(၇)ရက် သီးခြားနေထိုင်ရန် သတိပေးမှာကြားထားကြောင်း သိရှိရသည်။

သို့ပါ၍တနင်္သာရီမြို့နယ်အတွင်းရှိကုသရေး Centre များ၊ကျေးလက်ကျန်းမာရေးဌာနများနှင့် Positive Centre များအတွင်း ဒီဇင်ဘာလ(၁၆)ရက်နေ့ညနေပိုင်းအထိ ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(တစ်)ဦးမျှမကျန်ရှိတော့ဘဲ ကင်းစင်နေပြီဖြစ်သဖြင့် မိဘပြည် သူများကလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကိုပေါ့လျော့မှုမရှိဘဲ ယခင်ကကဲ့သို့ အပြင်ထွက်လျှင် မဖြစ်မနေ Mask တပ်ပါ။ စနစ်တကျ မကြာခဏလက် ဆေးပါ။ လူစုလူဝေးရှောင်ကျဉ်ပါ။ ကိုဗစ်ရောဂါကာ ကွယ်ဆေးကိုမိမိအလှည့်ရောက်သည့်အခါတွင် မပျက်မကွက်ထိုးနှံပေးကြခြင်းဖြင့်တစ်ဦးချင်းစီဆက်လက်လိုက်နာဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း မြို့နယ်ကု သရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့ နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း