သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show မြန်အောင်၌ ကျင်းပပြုလုပ်

မြန်အောင် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အမေးအဖြေများဖြင့် Online Talk Show အစီအစဉ် ဆောင်ရွက်ခဲ့ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းများအကြောင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည် သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည့်အပြင် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်၊ ရာသီဥ တုဖြစ်စေပေါ်နိုင်ခြင်း စသည့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဝင်းဗိုလ်