သနပ်ပင်မြို့နယ် ရေကျော်(တောင်)ကျေးရွာ လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

သနပ်ပင်  ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် ရေကျော်(တောင်) ကျေးရွာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရာ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်  (၆)လ ဘတ်ဂျတ်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့်  ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၄၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထုထည်အမြင့် (၈)လက်မ ရှိမည်ဖြစ်ပြီး  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၅ နေ့က စတင်ဆောင်ရွက်‌ခဲ့သည်။

အဆိုပါ လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ  ပြည့်မီရေးအတွက်   မြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပြီး   ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးပါက ကျေးရွာအတွင်း သွားလာ‌‌ရေး အဆင်ပြေလွယ်ကူ‌စေပြီး  ကျေးလက်နေပြည်သူများ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

လှမိုး