ဗန်းမော်မြို့၌ အိုမီခရွန်အကြောင်း Online မှ အသိပညာပေးဟောပြော

ဗန်းမော် ဒီဇင်ဘာ ၁၇ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန်(Omicron)ရောဂါပိုးအကြောင်း Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Online ဟောပြောပွဲတွင် ဗန်းမော်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေမော်အောင်က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)အကြောင်းကို လည်းကောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ အချို့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ကို မိမိတို့ နိုင်ငံသို့ ဝင်ရောက်ကူးစက် မလာစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ အများပြည်သူများက ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။

ကိန်းဖြူ