ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုပထမအကြိမ်ဦးစားပေးအစီအစဉ်ဖြင့် ရဟန်းသံဃာတော်များ အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့မှစေတနာ့ဝန်ထမ်းများအသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် အသက် (၁၂)ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ရရှိ သည့်အပေါ်မူတည်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုကျေးရွာများရှိ ဒေသခံမိဘ ပြည်သူများအား သတ်မှတ်ထားသည့် ကာကွယ်ဆေးများထိုးနှံရန်ဖွင့်လှစ်ထားသည့် နေရာ ဌာနများ၌ စဉ်ဆင်မပြတ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် အကြိမ်ရေပြည့်ထိုးနှံပြီးခဲ့သည့် မိဘပြည်သူများအား (၆)လအကြာပြည့်ပြီး၍ ယခုအခါ ဒုတိယအကြိမ်အဖြင့် အပိုဆောင်း ကိုဗစ်-၁၉ရောဂါဆေးများကို ပထမအကြိမ်အဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ စီမံကြီးကြပ်မှုဖြင့် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့နယ် ဇမိခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသူနာပြု ဆရာ ဆရာမများ ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျစီမံ ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကျေးရွာများရှိ မိဘာပြည်သူများမှ အလေးအနက်ဂရုပြုပြီး လာရောက် ထိုးနှံလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး