နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နတ်တလင်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က တာပွန်မြို့သို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင်သူနှင့် ဝန်ထမ်းများက တာပွန်မြို့အတွင်း နေထိုင်ကြသော ပြည်သူ များနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများ သို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိမွေးဖွားရာဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲ နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေသူများ အနေဖြင့်မူလဒေသ တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ အသက်(၁၀) နှစ်ပြည့်(၃၃)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၃၂)ဦး၊ စုစုပေါင်း (၆၅)ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)