သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့် ဦးတည်ချက်(၉)ရပ်အား မြေစိုက်နံရံကပ်ဘုတ်တွင်ပြသဆောင်ရွက်

သံတောင်ကြီး     ဒီဇင်ဘာ   ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့်ကျောင်းနေအရွယ်ကလေးများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်အား လစဉ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ် ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပါဝင်သော အသိပညာပေး နံရံကပ် စာစောင်များပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ် နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ဒေသခံ ပြည်သူ များ၊ လူငယ်လူရွယ်များ၊ ကျောင်းနေအရွယ်ကလေးများ သိရှိစေရန်၊ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက် ချက်မှတ် တမ်းဓါတ်ပုံများ၊ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက် ၎င်းမှုမှတ်တမ်းဓါတ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)