အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library  Bus) ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယနေ့ နံနက်က  မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။ 
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နေ့လယ်(၁)နာရီ ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ လူထုစိန်ဝင်း၏ "အတွေးအမြင် ဆောင်းပါးများ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 12,2022
သံယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ၌  သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန်၊ သဘာဝသစ်တောတိုးမြှင့် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသော ရာသီဥတုရရှိစေရေးနှင့် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ် ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်း  ယနေ့ နံနက်ပိုင်းက မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဆန်အောင်ထံက သိရသည်။
May 12,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးပါ ရိုးရာစက်မှုလုပ်ငန်း၊ ဒေသနှင့်လိုက်လျောညီထွေသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတို သင်တန်းများပို့ချပေးလျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝန်အတွင်၊ အပြင် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။