အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ် (၂၀၂၀)ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
May 12,2022
မြစ်ကြီးနားမြို့နယ် ရပ်ကွက်/ ကျေးရွာအဆင့် အသက် (၂၅)  နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးဝန်းအတွင်း ပြည်နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်က နာရီစင်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် စိုက်ထူခဲ့သည်။
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝတိုးတက် မြှင့်မား လာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ ထုတ်လုပ်နည်းသင်တန်းကို မေလ(၁၆)ရက် နံနက်ပိုင်းမှ စတင်ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် မြစ်၊ ချောင်းအင်းအိုင် ပေါများသည့် ဒေသဖြစ်သည့် အလျောက် ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိရာ မိုးကြိုကာလ သဘာဝဘေးအန္တရာယ်များနှင့် ရေယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အသက်ကယ်အင်္ကျီ လက်တွေ့ဝတ်ဆင်သရုပ်ပြခြင်းကို ယနေ့ နံနက် (၁၀)နာရီက ကမ်းနားလမ်းတလျှောက်ရှိ​ သင်္ဘော ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ မေလ(၁၂)ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ် ဝက်ဆူကျေးရွာအုပ်စု တံခွန်တိုင် ကျေးရွာ၊ လိပ်ချောင်းကျေးရွာအုပ်စု လိပ်ချောင်းကျေးရွာ၊ ဒယ်ကုန်ကျေးရွာနှင့် ခြံကွင်းကျေးရွာ သို့ ယမန်နေ့လယ်ပိုင်းက သီးနှံပင်များ ဧကများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ နှင့် တွေ့ဆုံခဲ့သည်။