မဟာအောင်မြေမြို့နယ် အမှတ်(၂၈) အခြေခံပညာအလယ်တန်း‌ကျောင်း၌ ရှေးဦးပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြ

မဟာအောင်မြေ အောက်တိုဘာ ၂၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အမှတ်(၂၈)အခြေခံပညာအလယ်တန်း‌ကျောင်း၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သောရှေးဦး ပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ‌ခဲ့ကြောင်းသိရသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ  ကြက်ခြေနီရုံးအဖွဲ့မှူး ဒေါ်ခင်ခင်သင်းက တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ပထ မနေ့မှာ အဆိပ်မိခြင်း၊ အပူလောင်းခြင်း၊ သွေးယိုးစီး ခြင်း၊ အရိုးကျိုးခြင်း၊ သွေးဆုပ်၊ သွေးသန့်၊ မေ့မြောခြင်းများကို စာတွေ့သင်ကြားခဲ့ပြီး စာတွေ့သင်ကြားပို့ချခဲ့သော နည်းလမ်းများအား လက်တွေ့သရုပ်ပြသခြင်းများကို လက်တွေ့ပြသခဲ့ရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လက်တွေ့သရုပ်ပြသမှုများကို တစ်ဦးချင်းစီး ကိုယ်တိုင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား အမှတ်(၂၈) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်သက်ရည်ဝင်းနှင့်ဆရာ/ဆရာမများ၊ မြို့နယ် ကြက် ခြေနီယာယီကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူ(၇၁)တို့ဖြင့် ပူးပေါင်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း