အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများဆက်ကပ်လှူဒါန်းကြသည်။
Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အနာဂတ်ကျောင်းသား၊ ကျောင်းသူများလူတော်၊ လူကောင်းများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ထက်မြတ်သော လူရည်ချွန်များ ပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ ထခွဲလ (၁) ကျောင်း၊ အလယ်တန်း‌ကျောင်း (၄) ကျောင်းနှင့် မဟာသရဖူကိုယ်ပိုင်ကျောင်းတို့တွင် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများ ကျင်းပခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
Oct 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု နယ်မြေဖြစ်ပြီး လေ့လာစရာ အထင်ကရ နေရာများစွာရှိသည့် မြို့လည်း ဖြစ်သည်။ ထိုအထင်ကရ နေရာများတွင် စက္ကိန်းတဲ စေတီတော်မြတ်ကြီးလည်း တန်ခိုးကြီးစေတီတော် တစ်ဆူအဖြစ် ပါဝင်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။
Oct 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(နပဆ-၁)မှ လာရောက် တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဝန်းအတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဆင်းပွဲကို မြို့နယ်မီးသတ် ဦးစီးဌာန ခန်းမ၌ ယနေ့ နံနက် ၉ နာရီ ကျင်းပခဲ့သည်။ အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှုး ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးလင်းကျော်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
Oct 28,2022
မိတ္ထီလာ၌ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံလေ့ကျင့်ရေးသင်တန်း (၂/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်မီးသတ်စခန်းရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။
Oct 28,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့ နံနက်က အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။