ကျောက်ဆည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ညနေ (၃) နာရီက Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြည်သူ့စာကြည့်တိုက်များအနေဖြင့် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ Digital Library Management System (DLMS) စနစ်အသုံးပြု၍ စာအုပ်များ ငှားရမ်းနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ စာကြည့်တိုက်တာဝန်ခံများသာမက ဝန်ထမ်းတိုင်း Digital Library Management System (DLMS) သိရှိနားလည်ပြီး ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားကြစေရန်နှင့် သင်တန်းတက်ရောက်ပြီးပါက ပြန်လည်လေ့လာ သွားစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်စာစောင်ဆိုင်ရာ အချက်အလက်များရေးသွင်းခြင်း၊ စာအုပ်ငှားရမ်းခြင်း၊ အစီရင်ခံစာထုတ်ခြင်းများကို Digital Library Management System (DLMS) အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ကျောက်ဆည်ခရိုင်နှင့် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ဒုတိယဦးစီးမှူး၊ စာကြည်တိုက်လက်ထောက်(၃)၊ အကြီးတန်းစာရေး၊ ရုက်သံ ကျွမ်းကျင်(၃)၊ အငယ်တန်းစာရေး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)