Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထားခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ကပေးအပ်ပွဲ အခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 28,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မတ္တရာ)အောင်ဆန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား မျက်စိရောဂါ ဝေဒနာများကို အခမဲ့ စမ်းသပ် ခွဲစိတ်ကုသပေးမည်
Oct 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ အဖွဲ့မှ မျက်စိရောဂါ ဝေဒနာများကို နိုဝင်ဘာလ(၁၇)ရက်နေ့တွင် အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ် မြို့မဈေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များအား တရားမ၀င် ပုဇွန်နှစ်ကောင်ဆီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့မဈေးအတွင်းအပြင် နေရာများရှိ ကုန်စုံဆိုင်များတွင် ပုစွန်နှစ်ကောင် အမှတ်တံဆိပ်စားသုံးဆီ ဖြန့်ဖြူးရောင်းချနေမှုများတွင် အစုလိုက်အပြုံလိုက်သယ်ယူ ရောင်းချနေမှု မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲနှင့် ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများ ပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ မြို့မဈေးကြီးအတွင်းအပြင် တရားမ၀င် ပုဇွန်နှစ်ကောင်ဆီရောင်း၀ယ် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မဈေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Oct 28,2022
ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် မော်တော်ဆိုင်ကယ်များ ဘီးခွန် ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ပြုလုပ်ဆောင်ရွက်ပေး
Oct 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ခု (၁)နှစ် ဘဏ္ဍာရေးနှစ်အတွက် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ဆိုင်ကယ်ဘီးခွန်များအား ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သ ပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ နွားမွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာနုစပ်စာများထောက်ပံ့
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူသူ တောင်သူများအား တိရစ္ဆာန်အစာနုစပ်စာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18180
Page
18181
Page
18182
Page
18183
Current page
18184
Page
18185
Page
18186
Page
18187
Page
18188
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department