လယ်ဝေးမြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာTalk Show ကျင်းပ

လယ်ဝေး အောက်တိုဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်(၉)နာရီက ကြက်ခြေနီအကြောင်း  သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ ဂုဏ်ထူးဆောင် တိုင်းကြက်ခြေနီ  ဦးတင်ငွေနှင့် လယ်ဝေးမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးကျော်လင်းတို့က ကြက်ခြေနီအသင်း စတင်ဖြစ်ပေါ်လာပုံအကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ ကြက်ခြေနီအသင်းအနေဖြင့် ကူညီဆောင်ရွက်မှုများအကြောင်း၊ အခြေခံပညာကျောင်းများတွင် ​အခြေခံရှေးဦးလူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်ပေးနေမှု များနှင့် သိကောင်းစရာများအကြောင်းကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပ ညာပေး TalkShowများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ် ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show အစီအစဉ် ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)