အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်ကစတင်၍  ကော့ထမ္မလိန်းကျေးရွာတွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်စွမ်းရည်ထက်မြက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွင်းမံ) သင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဝေါမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက  အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် ထပ်ဆောင်း (Booster) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။
Oct 28,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (B.ED) စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂) တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသတွင်းအသေးစား၊ အငယ်စား၊ အလတ်စား ဒေသထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပြီး လုပ်ငန်းလိုအပ်ချက်များကူညီပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စုအလိုက်  စုရပ်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) များဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ (၂၇)ရက်နေ့ထိ First Booster)ထိုးနှံပြီးသူ (၂၂၉၄၉) ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် ကလိုင်‌ကျေးရွာ၊ ကသဲကုန်းကျေးရွာ၊ လောင်မီးကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။