အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ (၂၀၂၂- ၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာမြေစိုက်ဘုတ် စိုက်ထူးခြင်းကို ယနေ့ နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပန်းရွှေဝါပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့တွင် စိုက်ထူခဲ့ကြသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေစပါးမျိုးစေ့ ထုတ် စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်(၉) နာရီက တလိုင်းကွင်းကြီးကျေးရွာ အုပ်စု၊ တောင်သူဦးမြင့်နိုင့်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
"ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ ရေး သီတင်းပတ် မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ အမက-မြို့မ ကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သိမ်တော်ကြီးလမ်းမရှိ မြို့နယ် ပညာရေးမှူး ရုံးရှေ့တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ ကြီးကြပ်မှုအဖွဲ့​​မှ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မီကျော်လွန်ရေးနှင့် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးအတွက် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
May 12,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာသို့ ကြည့်ရှုစစ်‌ဆေးပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ရုံးမြေနေရာနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ လိုအပ်အပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
May 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ  ကျောင်းအပ်နှံရေးလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ  ကျောင်းအပ်နှံရေးအတွက် လှုပ်ရှားမှုဆိုင်းဘုတ်များကို စိုက်ထူလျက်ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ် ရန်ကုန်-ပုသိမ်-မာလာကုန်း လမ်းဆုံလမ်းခွ၌ ကျောင်းအပ်နှံရေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ သည်။