အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၌ မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ဦးစီးအရာရှိ၊ ဦးမျိုးဇော်ဦး ၊သန္ဓေမီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကပ်နှိပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၊ မြို့မစျေးအတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ ဖြိုင်ဖြိုင် ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး စပါးများလှိုင်လှိုင်သိမ်းဆည်းချိန် ဧရာမင်းစပါးဈေးနှုန်းမှာတစ်တင်းလျှင်ငွေကျပ် ၁၄၀၀၀ ဈေးဖြင့်အရောင်းအဝယ်ကောင်းမွန်နေ၍ မြို့နယ်အတွင်းရှိ ဧရာမင်းမိုးစပါး စိုက်ပျိုး တောင်သူများ သီးနှံဝင်ငွေ ကောင်းမွန်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  
Dec 21,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 21,2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား၊ ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုကြီး ရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 21,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် အားတက်သရောပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မုံရွာစီးပွားရေးတက္ကသိုလ်တို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191  Sticker များကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။