မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး 191  Sticker များကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ဘုတ်ပြင်း   ဒီဇင်ဘာ   ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191  Sticker များကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

 အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို ဘုတ်ပြင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက မြို့မဈေး၊ မြို့ပေါ် ရပ်ကွက်များရှိနေအိမ်များ၊ ခရီးသွားပြည်သူများ၊ လူစည်းကားသည့်နေရာများရှိ ပြည်သူများ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား စီးနင်းသူများနှင့်ယာဉ်မောင်းများကို  မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါကအရေးပေါ်အကူအညီတောင်းခံနိုင်အတွက် 191  Sticker ကို ကပ်နှိပ်ခြင်းများကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)