မိုင်းယောင်း ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီများအနေနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာသူများက လွတ်လပ်ရေးနေ့အခမ်း အနား ကျင်းပရေးကိစ္စရပ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများ ဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာ ဦးစီးကော်မတီအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက (၇၅)နှစ်မြောက်စိန်ရတု လွတ် လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ မြို့နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပရာ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူတို့က အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း များ၊ လိုအပ်သည့် ကြီးကြပ်လမ်းညွှန်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ စသည့် အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း