အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး၌ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Steel Structure ဈေးရုံအဆောက်အအုံသစ် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း အဆိုပါမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလင်းမင်းညွန့်၏ ပြောပြချက်အရ သိရသည်။
Dec 21,2022
၂၀၂၃-ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်(Working Group) မြေပြင်လူဦးရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက် နံနက်(၉)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 21,2022
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၂)ကို ယနေ့နံက် ၁၀နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် နန့်မဖွဲ့ကျေးရွာအုပ်စု၊ နန့်မဖွဲ့ကျေးရွာ အောင်စည်သာခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက် အသိပညာပေးဟောပြော ဆွေးနွေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျောက်တံတားမြို့နယ်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
Dec 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်ဦးဆောင်၍ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ခရမ်းချဉ်သီးဈေးတဖြည်းဖြည်း ကျဆင်းနေ၍ အတက်ဈေး မျှော်နေကြကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။