အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ပညာရေးဒီဂရီ‌ကောလိပ်နှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက်သွားရောက်၍
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခန့်က အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကို ယမန်နေ့ နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပခဲ့သည်။                               
Dec 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (လားရှိုး)၊ ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၉)ရက်နေ့နံနက် (၉)နာရီ အချိန်က ကွတ်ခိုင်မြို့မရဲစခန်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် Mobile Phone ဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်ခဲ့သည်။
Dec 21,2022
ပြည်ပနိုင်ငံများအထိဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှဝဥမျိုးများကို ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၁၅၀ ဖြင့် ဒီဇင်ဘာလကစတင်ပြီး လက်ခံဝယ်ယူလျက်ရှိကြောင်း သိရသည်။
Dec 20,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ယနေ့နံနက် ၈ နာရီက ပြည်နယ်ဦးစီး မှူး ဦးတင့်ဝေနှင့် တာဝန်ရှိသူများလိုက်ပါလျက်သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  ရွှေလှေကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။