စလင်းမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သန့်ရှင်းသပ်ရပ်မှုနှင့်ရက်လွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/  မရှိကွင်းဆင်းစစ်ဆေး

စလင်း  ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ပေါ်ရှိ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သန့်ရှင်းသပ်ရပ်မှုနှင့်ရက်လွန်ဆေးဝါး များ၊ တရားမဝင်ဆေးဝါးများ၊ ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  ယမန်နေ့  နံနက် ၁၀နာရီအချိန်က ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် စလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းများ၊ ရောင်းချလျက်ရှိသည့်ဆိုင်များအား အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မကွေးတိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန့်၊ FDA ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှဆေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်နှင့် ဦးသီဟဝင်းတို့လိုက်ပါ၍ စလင်းမြို့ ပေါင်းနားရပ်ကွက်ရှိ၊ ဇီဝိတဆေးဆိုင်၊ ငွေပဒေသာဆေးဆိုင်၊ ရွှေစင်ဆေးဆိုင်၊ ရောင်စဥ်ဆေးဆိုင်နှင့်၊ စာစီကျောင်း ရပ်ကွက် ရွှေအိုးဆေးဆိုင်၊စျေးမရပ်ကွက် ပစ်တိုင်းထောင်ဆေးဆိုင်များတွင် ရောင်းချလျက်ရှိ သော ဆေးဝါးများအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ မှတ်ပုံတင်ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်ထားသောဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသောဆေးဝါး၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့်  ဆေးဝါးစသည့် အမျိုးသားဆေးဝါးဥပဒေအရ တား မြစ်ချက်များနှင့်လုံးဝသုံးစွဲရန်မသင့်သောဆေးဝါးများ ဆေးဝါးအတု တရားမဝင် ဆေးဝါးများနှင့် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးချက်များမှ အကြောင်း အရာများ မိမိရောင်းချသည့်ဆေးဝါးသုံးစွဲ၍ ဘေးထွက် ဆိုးကျိုးဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သတင်းပေးပို့ ရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဆေးဝါးများအား ကုမ္ပဏီများမှဝယ်ယူရာတွင်ဘောက်ချာများကို ၂ နှစ်အထိ သိမ်းဆည်းထားပြီး ဌာနများအနေဖြင့် ဝင်ရောက်စစ်ဆေးမေးမြန်းလျင် အစစ် အဆေးခံနိုင်ရန်နှင့်ဆေးဆိုင်များအား သန့်ရှင့်သပ်ရပ်မှုရှိခြင်း/  မရှိခြင်းများကို​ပြောကြားခဲ့ပြီး ရက်လွန်ဆေးဝါးများသုံးစွဲရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း  ဆေးဝါးအမျိုးအစားများအလိုက် စစ်ဆေးခဲ့ကြပြီးဆေးဝါးများရောင်းချရာတွင် ပုံမှန်သတ်မှတ်ထားသည့် စျေးနှုန်းများထက်ရောင်းချခြင်း ရှိ/ မရှိများကို စစ်ဆေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မကွေး တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန့်နှင့်ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                    

 မြို့နယ်(ပြန်/ဆက်)