မန္တလေး ဒီဇင်ဘာ ၂၀
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား၊ ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုကြီး ရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဇော်နိုင်ဦး(ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဒိုင်းဆုကြီးရရှိခဲ့သည့် တိုင်းဂုဏ်ဆောင်အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုရေး အစီအစဉ်များကို ဆွေးနွေးပါသည်။
ထို့နောက်တက်ရောက်လာသည့် တက္ကသိုလ်၊ ကောလိပ်၊ ဌာနဆိုင်ရာအသီးသီးက ကြိုဆိုဂုဏ်ပြုရမည့် ကဏ္ဍအသီးသီးအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)