အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
လူတိုင်းရောဂါဘယကင်းဝေးပြီး အသက်ရှည်၍အနာမဲ့စွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်စေရေး ကောင်းမွန် သောကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီ ခန့်က ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းကို ဖွင့်လှစ်သည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများမှာ ငရုတ်သီးခြောက် စျေးကောင်းရရှိ၍ အမြတ်ငွေပိုမိုရရှိကြောင်းသိရသည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးစည်းအဝေးခန်းမ၌ (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ယာဉ်စီးနင်းသူများထိခိုက်မှုအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မော်တော်ယာဉ်စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်တပ်ဆင်ရန်နှင့်
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ စိုက်ပျိုးခြင်းကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ပဲလွမ်းသီးနှံဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
Dec 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာဂျွန် (မြန်မာပြန်)၏"အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့သည်။